Pages

Pages

သရက်မြို့၌ လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်



MNP - အောက်တိုဘာ   ၁၅


မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့်လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ လူငယ်နှင့်ယဉ်ကျေးမှု Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် Book Club အဖွဲ့ဝင် ဒေါ်ဖြူဖြူဟန်တို့က လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လူတွေရဲ့ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်းယဉ်ကျေးမှု၊ ဘာ သာတရားဆိုတဲ့ ယဉ်ကျေးမှုနှင့် အများအမြင်မတော်သည့် ဝတ်စားဆင်ယင်မှုကို ဆောင်ကြဉ်ရမဲ့ ကာယကံ ယဉ်ကျေးမှု၊ တစ်နည်းပြေရရင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment