ပေါက်တောမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးငယ်များ အားထောက်ပံ့ငွေပေးအပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးငယ်များ အားထောက်ပံ့ငွေပေးအပ်လျက်ရှိ


MNP ၊  အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများငယ်အား ယမန်နေ့ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ စာရင်းများကောက်ခံပြီး ထောက်ပံ့ငွေများ ပေးအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင်ပေါက်တောမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်ဧပြီ၊ မေ၊ ဇွန်(၃) လအတွင်းအကျိုးခံစားခွင့်ရရှိသူ ကိုယ်ဝန်ဆောင်(၁၈၂၁)ဦးနှင့် အသက်(၂)နှစ်ကလေး (၄၆၆၅)ဦးတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၂၈၁၂၂၀၀၀၀/) အား ထောက်ပံ့ပေးအပ်သွားမည့်ဖြစ်ပြီး ထောက်ပံ့ပေးရန်ကျန်ရှိ သူများကိုလည်း ပေါက်တောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် မြို့နယ်လူမှုဝန်ထမ်းရုံးမှဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းပြီး ဆက်လက်ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအားထောက်ပံ့ငွေများ ပေးအပ်ရခြင်းမှာ အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ကြပြီး၊ ကျန်းမာကြံ့ခိုင်သော ဉာဏ်ရည်ဖွံ့ဖြိုးသည့် ကလေးများဖြစ်လာစေရန်နှင့် မသန်စွမ်းဖြစ်ပွားမှုနှုန်း လျော့ကျစေရန်အတွက် ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)