မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းဖွဲ့ စည်းပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းဖွဲ့ စည်းပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းပို့ချ





MNP - အောက်တိုဘာ  ၂၃


မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကြက်ခြေနီအသင်းဖွဲ့စည်းပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ သင်းတန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။


ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းနိုင်ကအဆိပ်မိခြင်း၊ အပူလောင်းခြင်း၊ မြို့နယ်တပ်ဖွဲ့မှူး ဦးသန့်ဇင်းဦး သွေးယိုးစီးခြင်း၊ အရိုးကျိုးခြင်း၊ ရုံးအဖွဲ့မှူး ဒေါ်ခင်ခင်သင်းက သွေးဆုပ်၊ သွေးသန့်၊ မေ့မြောခြင်းစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကြက်ခြေနီအသင်းများဖွဲ့စည်းထား၍ အရေကြုံလာလျှင် ကိုယ်တိုင်း လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွဲ့စည်းထားပြီး အများပြည်သူ ဘေးအန္တရာယ်နှင့်ကြုံလာလျှင် ကူညီဆောင်နိုင်စေရန်အတွက် ပထမရက်တွင် ကြက်ခြေနီးအသင်းရဲ့ အကျိုးကျေးဇူး ကြီးမားပုံ၊ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားမိတ်ဆက်ပြီး ဒုတိယနေ့တွင် စာတွေသင်းကြားပို့ချပေးပြီး တတိယနေ့တွင် လက်တွေ့သင်ကြားပို့ပေးသွား မည်ဖြစ်ကြောင်းသိရသည်။


ထို့နောက် သင်တန်းနည်းပြဆရာ/ဆရာမများက သင်တန်းတွင်ပို့ချမည့် အကြောင်းအရာများနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချသင်ကြားခဲ့သည်။


အဆိုပါ ရှေးဦးသူနာပြုစုနည်းသင်တန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ဦးသိန်းနိုင်၊ ဒု-မြိုနယ်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းအောင် သင်တန်းနည်းပြ ဒေါ်ထွေးထွေး(ဒု-မြို့နယ်တပ်ဖွဲ့မှူး)၊ဒေါ်နှင်းနှင်း(ဒု-တပ်ခွဲမှူး)၊ ဒေါ်ခင်ခင်သင်း(ရုံးအဖွဲ့မှူး)၊နှင့် သင်တန်းသား ဦးရေ (၅၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို (၂၁-၁၀-၂၀၂၂)မှ (၂၃-၁၀-၂၀၂၂)ရက်နေ့ အထိ(၃)ရက်ကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)