MNP - အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းဘေးရှိ မလေးရှား ပိတောက်ပင်သည် ဘုရားကြီးမြို့မှ ဝေါမြို့သို့ ဓာတ်အားပေးထားသော ဓာတ်တိုင်ပေါ်သို့ ပိကျကာ လမ်း၏တစ်ခြမ်းအား ပိတ်ဆို့သွားကြောင်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့ရှိ ညောင်မုန့်စိတ်ပင်လဲပြိုခြင်းကြောင့် ဖုန်းတိုင် များလည်းကျိုးခဲ့ကြောင်း သိသည်။
အဆိုပါနေရာသို့ ဝေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ဝေါမြို့မရဲစခန်းမှူး ဒုရဲမှူး သစ်လွင်ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက မော်တော်ယာဉ်များ ပိတ်ဆို့မှု မရှိစေရေး ရှင်းလင်းဆောင်ရွက်ပေးခဲ့ သည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်တိုက်ခတ်မှုကြောင့် ဝေါမြို့နယ်၊ ညောင်ကိုင်းကျေးရွာ အထက(ခွဲ)ကျောင်းရှိ အမြင့်(၂၅)ပေခန့်ရှိရေစင် ပြိုလဲခဲ့ကြောင်း၊ ကမာကဘန် ကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာအုပ်စု၊ မဝါတဲစုကျေားရွာ၊ အဗျားထမင်းဆိုင် ကျေးရွာအုပ်စု၊ ဇွဲဘက်အညာစုကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ စိုင်တီစုကျေးရွာ၊ ကြာလဟာ ကျေးရွာတို့မှ လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။
သတင်း - အောင်မြတ်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment