MNP ၊ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်ကြက်ခြေနီနှင့် အထကပေါင် ကြက်ခြေနီအသင်းခွဲငယ်တို့ပူးပေါင်းဖွင့်လှစ်သော ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဖွင့်လှစ်ခြင်းကိုယနေ့နံနက်ပိုင်းက အထက ပေါင် ရွှေတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်မင်းနိုင်ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်၊ထို့နောက် ကြက်ခြေနီအသင်းခွဲ ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လွင် က သင်တန်းတက်ရောက်ရခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ နည်းပြ ၅ ဦးတို့မှ ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းသဘောတရားအတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ သွေးဆုတ်၊ သွေးလန့် မူးမေ့သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်းတုပ်ခြင်း၊ အရိုးအကြောအဆစ်ဆိုင်ရာများ၊ လူနာကိုင်ဆောင်သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း အစရှိသည့်အကြောင်းအရာများကို သင်တန်းသား (၄၈) ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment