ကြို့ပင်ကောက်မြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြို့ပင်ကောက်မြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်



MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ဖွင့်ပွဲအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးကအဖွင့်အမှာစကားပြောကြားပြီး  သာယာဝတီခရိုင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က မြို့နယ်ရပ်ကွက်ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးမှုဖြစ်စဉ်များ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာများဖြန့်ဝေပေးနိုင်ရေး ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး လုပ်ငန်းစဉ်များထိရောက်အောင်မြင်စေရေးအတွက် ရည်ရွယ်ပြီး ယခုလိုရက်တိုသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း လူကုန်ကူးမှု ဖြစ်စဉ်များဖြစ်ပေါ်လာရခြင်းအကြောင်းများ လူကုန်ကူးမှုနှင့်သက်ဆိုင်သောဥပဒေ နည်းဥပဒေများအားကိုယ်တွေ့ဖြစ်ရပ်များနှင့် အသေးစိတ်ရှင်းလင်း၍ အသိပညာပေး သင်ကြားပေးခဲ့သည်။


အဆိုပါရက်တိုသင်တန်းတွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်သင်တန်းသား ၁၄၀ ဦးအား သင်တန်းကာလ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ စာတွေ့နှင့် လက်တွေ့ဖြစ်ရပ်များကို ပရိုဂျက်တာဖြင့် ပြသသင်ကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)