နာဂဒေသ လဟယ်မြို့တွင် သီတဂူဆရာတော်မှ ဗဟိုဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း အတွက် ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂဒေသ လဟယ်မြို့တွင် သီတဂူဆရာတော်မှ ဗဟိုဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း အတွက် ထောက်ပံ့ငွေပေးအပ်



MNP - အောက်တိုဘာ  ၃၀


စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လဟယ်မြို့တွင် ရွှေကျင်နိကာယ ဥက္ကဋ္ဌအဘိတဇမဟာရဋ္ဌ ဂုရု သီတဂူအဓိပတိဆရာက လဟယ်မြို့တောင်းတန်းသာနာပြု ဗဟိုကျောင်းနှင့် လဟယ်မြို့ သီလရှင်ကျောင်းတို့အတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် အဆိုပါကျောင်းများသို့ ကြွရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့လှူဒါန်းရာတွင် တောင်းတန်းသာသနာပြုဗဟို ဘုန်းတော်ကြီးကျောင်းအတွက် အလှူတော်ငွေ (၅၀)သိန်ကျပ်နှင့် လဟယ်မြို့ သီလရှင်ကျောင်းအတွက် လှူဒါန်းငွေကျပ် (၅၀) သိန်း စုစုပေါင်း ငွေကျပ်(၁၀၀)သိန်းအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် သီတဂူဆရာတော်သည် သီတဂူဆရာတော် ‌လှူဒါန်းဆောက်လုပ်ခဲ့သော လဟယ်မြို့ပေါ်ရှိ ဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီကုန်းရှိ သူတဂူရိပ်သာ၊ လဟယ် အ.ထ.ကကျောင်းရှိ သီတဂူကျောင်းဆောင်နှင့် ကွန်ပျူတာခန်း၊ လဟယ်ပြည်သူ့ဆေးရုံရှိ သီတဂူခွဲစိတ်ဆောင်အား ကြွရောက်ကြည့်ရှု့ခဲ့ပြီး လဟယ်မြို့တွင် တည်ထားကိုးကွယ် တော်မူသော မြင့်မိုရ်ဦး ရွှေတိဂုံပုံတူ စေတီတော်ဘုရားသို့ ကြွရောက်ဖူးမြော်ကာ လဟယ်မြို့စာရာမေရိရိပ်သာ၌ ခေတ္တသီတင်းသုံးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)