ကျောက်တံခါးမြို့နယ် ကန်ကလေးကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံခါးမြို့နယ် ကန်ကလေးကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့




MNP - အောက်တိုဘာ   ၈


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ် အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျှက်ရှိရာ ယမန်နေ့က ကန်ကလေးကျေးရွာ အတွင်းရှိ အဘိုအဘွား(၁၁)ဦး အား သွားရောက်ထောက်ပံ့ခဲ့သည်။


အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  လူမှုဝန်ထမ်း ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ရာတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးကို တစ်လ လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဘိုး၊ အဘွား (၁၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၃၀၀၀၀/)ကျပ် (သုံးသိန်းသုံးသောင်း) တိတိကို ထောက်ပံ့ ပေးခဲ့ကြောင်း  သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)