သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်တိုးမြင့် ကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်တိုးမြင့် ကော်မတီအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စိုက်တိုးမြင့်ကော်မတီ အစည်းအဝေး ကျင်းပကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးရန်၊ (၁၅၊၁၀၊၂၀၂၂) ရက်နေ့ မိုးစပါးကွင်းပိတ် စိုက်ပျိုးပြီးစီးမှုတင်ပြရန်၊ နေကြာ (၂၅၂၆)ဧက စိုက်ပျိုးနိုင်ရေး၊ ကျေးရွာအုပ်စု အလိုက် တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ စည်းရုံးဟောပြောဆောင်ရွက်ရန်၊ နေကြာမျိုးစေ့များ ရရှိရေး အတွက် ချိတ်ဆက်ဆောင်ရွက်ရန်၊ တောင်သူများအား စုဆောင်းထားရှိသည့် မျိုးနေကြာများအား ထုတ်ပေးနိုင် ရေး ဆောင်ရွက်ရန်တို့ကို အသေးစိတ်မှာကြားပြီး သက်ဆိုင်ရာ စိုက်တိုးမြင့်ကော်မတီဝင်များနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)