ပဲခူးမြို့၌ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် မျက်စိကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် မျက်စိကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပြုလုပ်



MNP - အောက်တိုဘာ   ၁၅     


ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အခမဲ့မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှူအသင်း၊ မျက်စိခွဲစိတ်ဆောင်၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ပဲခူးမြို့ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်း ဒေသကြီး(၄) မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုဦးက  မျက်စိကျန်းမာရေးနှင့် ပတ်သက်၍ အဓိကမျက်စိကွယ် စေနိုင်သောရောဂါများ၊ ကာကွယ်ကုသနိုင်သော မျက်စိရောဂါများနှင့် ကလေးမျက်စိရောဂါများအကြောင်း သိကောင်းစရာများအား လက်ကမ်းစာစောင်များနှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်သည့် မျက်စိကျန်းမာရေးဝန်ထမ်းများသည် စေတနာရှင်လူမှု အဖွဲ့အစည်းများမှ လုပ်အားပေးကူညီသူများနှင့်အတူ မျက်စိဝေဒနာရှင်ပေါင်း(၂၃၇)ဦးအား စမ်းသပ်စစ်ဆေးခဲ့ရာ မျက်မှန်လိုအပ်သူ (၃၆)ဦးနှင့် ခွဲစိတ်ကုသရန်လိုအပ်သော (၁၅၇)ဦးတို့အား ဆေးနှင့်မျက်စဉ်းဆေးများ ပေးဝေခြင်း၊ ခွဲစိတ်ရန် လိုအပ်သော လူနာများအား သတ်မှတ်ထားသော အချိန်၌ ခွဲစိတ်ကုသပေးနိုင်ရန် စနစ်တကျ စီမံဆောင်ရွက်ပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)