MNP - အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သီတင်းကျွတ်လပြည့်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းဖောင်းချောင်းတွင် ကျင်းပသည်။
ဇီဝိတဒါနငါးလွှတ်ပွဲသို့ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်း၊ ဝစီပိတ်ဆရာတော်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ မြက်စားငါးကြင်းနှင့် တီလားဗီးယား ငါးသားပေါက်အကောင်ရေ(၈၀၀၀)ကို ဇီဝိတဒါနလွှတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment