တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - အောက်တိုဘာ   ၁၄


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က တန့်ယန်းခရိုင် ပြင်ဆင်ဖွဲ့စည်းခဲ့မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်အတွက်လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာ ရင်းများ တိကျမှန်ကန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး/မွေးမြူရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်အောင်၊ ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်ရွှေအိ၊ ဦးစိုင်းဆန်စိန်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မရပ်ကွက် (၁၀)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)