MNP - အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာလ ၂၂ ရက်မှ စတင်၍ နမ့်စန် အ.ထ.က ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အမှတ်(၄)ရပ်ကွက်ဘောလုံးအသင်းနှင့် အမှတ်(၃)ရပ်ကွက် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်(၃)ရပ်ကွက် ဘောလုံးအသင်းက အချိန်ပို ပယ်နယ်လ်တီ အဆုံးအဖြတ်တွင် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်ကာ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အမှတ်(၂)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ်(၅)ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အသက်(၂၃)နှစ်အောက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို အောက်တိုဘာလ ၂၈ ရက်နှင့် ဗိုလ်လုပွဲကို အောက်တိုဘာလ၂၉ ရက်နေ့တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment