အောင်လံမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ  ၁၃


မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ဆောင်ရွက်နိုင်ရေး၊ မြို့နယ်အတွင်းလုံခြုံရေးအထူးဂရုပြုအလေးထားဆောင်ရွက်ရန်၊ မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများအား MRTV (Documentory)ရိုက်ကူး ဆောင်ရွက်မည့် အခြေအနေအားဆွေးနွေးခြင်း၊ ဌာနဆိုင်ရာအလိုက်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများဆောင် ရွက်ရာတွင်အချိန်မီပြီးစီးရေးဆောင်ရွက်ရန်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်း၍ အလေးထားဆောင်ပေးစေလိုကြောင်းတို့ပြောကြားကာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်(၂)တို့က ဌာနဆိုင်များနှင့်မိတ်ဆက်စကားပြောကြားပြီး ခရိုင်လဝက ဦးစီးမှူးက မိမိတို့ဌာန၏လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များထပ်မံဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)