ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

 


MNP - အောက်တိုဘာ   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်(၁)ပြည်၊ ဆီ (၁၀) ဆယ်သား၊ ကြက်ဥ (၇) လုံး၊ ဂေါ်ရခါးသီး(၂)လုံးတို့ကို စုစုပေါင်းတန်ဘိုး(၃၀၀၀)ကျပ်နှုန်းဖြင့် နံနက် (၈) နာရီ အချိန်မှစတင်၍ ရောင်းချပေးခဲ့ရာ ဈေးဝယ်သူတစ်ဦးချင်းစီအား  အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။


ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ပြည်သူများ အေးချမ်းစွာဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ တစ်ပတ်လျှင်(၂)ရက်ကို နေရာများပြောင်း၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)