MNP - အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ဘဏ်ချေးငွေ အကြံပေးအဖွဲ့ အစည်းဝေးကို ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားရာ ၂၀၂၂ - ၂၀၂၃ မိုးသီးနှံချေးငွေ၊ ဆောင်းသီးနှံထုတ်ချေးထားရှိမှု အခြေအနေ၊ ယခင်နှစ်ချေးငွေများ ပြန်ပေးဆပ်မှု အခြေအနေ၊ ချေးငွေပေးဆပ်ရန်ကျန်ရှိမှု အခြေအနေ၊ ၂၀၂၂ - ၂၀၂၃ ဆောင်းနေကြာ စိုက်ပျိုးရေးအတွက် ထုတ်ချေးပေးမည့် အခြေအနေများ ဆွေးနွေးကြပြီး ဆောင်းနေကြာ ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်မိုးသီးနှံ/ ဆောင်းသီးနှံ ချေးငွေရယူပြီး ပြန်ဆပ်ရန်ကျန်သူများ၊ ယခုနှစ်မိုးသီးနှံ ချေးငွေရယူထားသူများ၊ ချေးငွေမဆပ်သေးဘဲ ဆောင်းနေကြာ စိုက်ပျိုးရန် တာဝန်ရယူထားသည့် တောင်သူများ ပါရှိနေပါက ချေးငွေထုတ်ချေးခွင့် ပြု/မပြုကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဘဏ်တို့မှ သက်ဆိုင်ရာခရိုင် အဆင့်သို့ တင်ပြရန်နှင့် မြို့နယ်စိုက်တိုးမြင့်ကော်မတီမှလည်း ခရိုင်စိုက်တိုးမြင့်ကော်မတီသို့ တင်ပြဆောင်ရွက်ရန်၊ မြို့နယ် လယ်စီအင်းနှင့် မြို့နယ်စိုက်ပျိုးရေးတို့မှ ဆောင်းနေကြာ မျိုးစေ့ထုတ်ပေးထားသည့် ကျေးရွာအုပ်စု(၁၈)
အုပ်စုမှ တောင်သူများစာရင်းကို စိုက်ဘဏ်သို့ပေးပို့၍ ချေးငွေထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ရန်အတွက် ပေးပို့ရန်တို့ကို ဆွေးနွေးဆုံးဖြတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးက ၂၀၂၂ ခုနှစ်၊ ဆောင်းနေကြာစိုက်ပျိူးမည့်သူ ဖြစ်ပါက ပြီးခဲ့သည့်နှစ်၏ ဆောင်းရာသီအထိ စိုက်ပျိုးစရိတ်ချေးငွေများကို ပြေကြေသူဖြစ်ရမည်ဟု ချပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment