မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် သံဃာတော် (၁၈၀)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် သံဃာတော် (၁၈၀)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

 




MNP - အောက်တိုဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန် စိမ်းလောင်း လှူပွဲကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဆရာတော် သံဃာတော်များသည်  အောင်မြေသု ကျောင်းတိုက်အတွင်းရှိ သိမ်တော်အတွင်း၌  သံဃပဝါရဏာဖတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကာ  အဆိုပါ ကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ကျောက်တံတား ကျေးရွာ ရေနား ကျောင်းဆရာတော်မှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား ချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ  လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဆရာတော် သံဃာတော် (၁၈၀)ပါးတို့သည် အောင်မြေသုခ ကျောင်းတိုက်မှ စတင်၍ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက် မြို့အဝင် လမ်းဆုံအထိ ကြွရောက် အလှူခံတော် မူကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများမှ သတ်မှတ်နေရာ များမှနေ၍ ဆွမ်းဆန်များ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြ သည်။


အဆိုပါ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်ပြည်သူများမှ၊ လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)