မုဒုံမြို့နယ်ရှိ ဘုရားစေတီများတွင် အေးချမ်းစွာ ဘုရားဖူးလာရောက်သူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့နယ်ရှိ ဘုရားစေတီများတွင် အေးချမ်းစွာ ဘုရားဖူးလာရောက်သူများဖြင့်စည်ကား

 



MNP - အောက်တိုဘာ   ၁၀


မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုရားစေတီများတွင် သီတင်းကျွတ်ပွဲတော်ကာလ လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ ဘုရားဖူးကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။


မုဒုံမြို့နယ်အတွင်းရှိ အထင်ကရ ဘုရားစေတီများဖြစ်သည့်  သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၊ ဝင်းစိန်တောရအတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး၊ ကန်ကလေးစေတီတော်၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားနှင့် ကျိုက်ဇယ်စေတီတော်တို့တွင် ဒေသခံပြည်သူများမှ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်ခြင်း၊ ဘုရား ဝတ်ပြု ဆုတောင်းသူများ အေးချမ်းစွာ ဖူမြှော်ကြည်ညိုကြပြီး စားစရာမုန့်ပဲသရေ စာ၊ ကလေးကစားစရာ၊ အဝတ်အထည်များစသဖြင့် ဘုရားပွဲဈေး ရောင်းဈေးဝယ်များဖြင့် စည်ကားရှိကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)