ကမာရွတ်မြို့နယ်တွင် ကွန်ပျူတာအဆင့်မြင့် သင်တန်းဖွင့်ပွဲနှင့်ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ကွန်ပျူတာအဆင့်မြင့် သင်တန်းဖွင့်ပွဲနှင့်ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

 


MNP - အောက်တိုဘာ   ၃၁


အောက်တိုဘာ(၃၁)ရက်နေ့ နံနက်(၀၈း၃၀) နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဥယျာဉ်လမ်း၊ အမှတ် ၃ ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ အသုံးချ ကွန်ပျူတာ အဆင့်မြင့်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အသေးစားအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် အသုံးချကွန်ပျူတာ ဆရာဖြစ်သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ဥပဒေချုပ် ဦးဌေးအောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့အဖွဲ့ဝင်များ သင်တန်းသားများ၊ သင်တန်းနည်းပြများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုသိန်းတို့မှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီးနောက် သင်တန်းတွင်ဆုရရှိသည့် သင်တန်းသား/ သင်တန်းသူများအား ဆု များကိုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။


ထို့နောက်သင်ကြား ပြသပေးခဲ့သည့် သင်တန်းမှ ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သင်ကြားရေးအထောက်အကူပစ္စည်းများအား လှည့်လည်ကြည့်ရှု ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)