MNP - အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရေပြာအိုင်ကျေးရွာရှိ ခေမာဝတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင် ဦးစီး၍ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော် (၂)အိတ်၊ ဆီ (၁၀)ပိဿာ၊ ဆား (၅)ပိဿာ၊ ကုလားပဲ (၁၂) ပြည်၊ Mask (၁၀)ဘူး၊ မုန့် (၅)ဖာ၊ စုစုပေါင်း (၅၂၈၆၀၀)ကျပ် တန်ဖိုးရှိ လှူဖွယ်ပစ္စည်းတို့ကို ကျောင်းထိုင်ဆရာတော် ဦးပုညဓမ္မထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က တရားဒေသနာ များ ချီးမြှင့်ဟောကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။
စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရေပြာအိုင်ကျေးရွာရှိ ခေမာဝတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၈၀)ဦးတို့အား ဆရာ/ဆရာမ (၃)ဦးဖြင့် ပညာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment