ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ခရမ်း၌ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ခရမ်း၌ပြုလုပ်

 


MNP - အောက်တိုဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခမ်းမတွင် ကျင်းပခဲ့သည်။


အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်း အုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်ပိုမို မြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


ခရမ်းမြို့နယ်တွင် ကျင်းပပြုလုပ်သော ၂၀၂၂-၂၀၂၃ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေး သင်တန်းကိုနည်းပြဆရာ၊ ဆရာမ(၅)ဦး တို့မှ သင်တန်းသား၊ သင်တန်းသူ(၁၄၄ )ဦးအား အောက်တိုဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာ လ ၂၃ ရက်နေ့အထိ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)