ကျောင်းသားကျောင်းသူများကို စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းလေးစား တန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပေးရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသားကျောင်းသူများကို စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းလေးစား တန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပေးရမည်

 


နေပြည်တော် ၊ အောက်တိုဘာ ၂၅

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့နံနက် ၁၁ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ပညာရေးလုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည် ဖော်ရသူများသည် ဆရာဆရာမ များပင်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အလွတ်ကျက် ဖြေကြားသည့်စနစ်မှ အမျိုးမျိုး စဉ်းစားတွေးခေါ်နိုင်သည့်သူများ ဖြစ်လာစေရန် သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် စည်းကမ်းကောင်းမွန်ပြီး အချင်းချင်း လေးစားတန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ခရိုင် ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ထို ကျောင်းများသို့ KG +9 အောင်မြင်ပြီးသည့် ကျောင်းသားကျောင်းသူများ တက်ရောက်လိုပါက လွယ်ကူစွာတက်ရောက်၍ ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာတွင် အတန်းကူးပြောင်းနှုန်းနှင့် အောင်ချက်မြင့်မားရေးကို တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)