ဝါးခယ်မမြို့နယ် ကျီးချောင်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ် ကျီးချောင်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံပေါက်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာ၊ ဗုဒ္ဓရိပ်ငြိမ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် စိုက်ပျိုးသီးနှံများ အောင်မြင် အောင်စိုက်ပျိုးကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တရားဥပဒေ အစီအမံများ၊ ကျေးလက်လမ်းများခင်းကျင်းရန် လျှာထားမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကော်မရှင်ရုံး အဖွဲ့တို့ ပူးပေါင်း၍ ပုံစံ(၆၆/၆)နှင့် မှတ်ပုံတင်တို့ကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်‌နေမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုအား အသီးသီးအကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နေကြာမျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)