ငပုတောမြို့၌ စိုက်တိုးမြှင့်အဖွဲ့ဝင်များ ပမ္မဝတီကျေးရွာရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့၌ စိုက်တိုးမြှင့်အဖွဲ့ဝင်များ ပမ္မဝတီကျေးရွာရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 



MNP - အောက်တိုဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စိုက်တိုးမြှင့် အဖွဲ့နှင့် ပမ္မဝတီကျေးရွာရှိ ဒေသခံတောင်သူ များ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပမ္မဝတီဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စခန်းမှူး ဦးတင်မောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်နှင့် ဒေသခံတောင်သူ(၇၄)ဦး တက်ရောက်ခဲ့ကြသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကအဖွင့် အမှာစကားပြောကြားရာတွင် မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်ဧကများတွင် သီးနှံတစ်မျိုးမျိုးစမ်းသပ်စိုက်ပျိုးနိုင်ရေး၊ စပါးသားကတ်ဆင့်ပွားနည်းပညာ (စပါးလမိုင်း) စမ်းသပ်စိုက်ပျိုးနိုင်ရေး၊ စိုက်တိုးမြှင့် အဖွဲ့မှ တောင်သူများနှင့် တွေ့ဆုံ၍  ၎င်းတို့ဆန္ဒပြုခဲ့သည့် သီးနှံအမျိုးအစားအလိုက် စိုက်ဧကများ စာရင်းပြုစုတင်ပြပေးရန် ပြောကြားခဲ့သည်။ မြို့နယ်စခန်းမှူး ဦးတင်မောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် သက်ငယ်မုဒိန်းမှုများ မရှိစေရေး ပြည်သူများအား အသိပညာပေး ဟောပြော ခဲ့သည်။


ဆက်လက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်းက လယ်ယာမြေဥပဒေနှင့် အညီ  ပုံစံ (၇)ပါ ထုတ်ပေးထားကြောင်း၊ ပုံစံ (၇)ပါ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာမြေများ ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုလုပ်ရန် ပြောကြားခဲ့သည်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်က တောင်သူများ သိသင့် သိထိုက်သော စိုက်ပျိုးရေး နည်းစနစ်သစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံ တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်လာသည့်အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)