လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Fitness Dance ရိုက်ကူးထုတ်လွှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Fitness Dance ရိုက်ကူးထုတ်လွှင့်

 



MNP -အောက်တိုဘာ  ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အားကစားခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လှိုင်းတက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများအား ဖိတ်ခေါ်၍ Fitness Dance ရိုက်ကူးထုတ်လွှင့်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre အား အများပြည်သူများ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊  ကျောင်းသား/လူငယ်များ အသိပညာ ရှာမှီးရာနေရာသာမက ကာယစွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Fitness Dance များရိုက်ကူး၍ Community Centre Lashio Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်သည်။


လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြည်သူများအခမဲ့လာရောက် အသုံးပြုနိုင်သောခန်းမများ၊ စာကြည့်တိုက်နှင့် ကိုယ်ကာယအားကစားလာရောက်ပြုလုပ်နိုင်သည့် အားကစားခန်းမ များထားပေးထားကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)