မချမ်းဘော့မြို့ (Community Centre)၌ ဆီထွက်သီးနှံ ဆီမုန်ညင်းစိုက်ပျိုးရေး အသိပညာပေး (Talk Show)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မချမ်းဘော့မြို့ (Community Centre)၌ ဆီထွက်သီးနှံ ဆီမုန်ညင်းစိုက်ပျိုးရေး အသိပညာပေး (Talk Show)ကျင်းပ




MNP - အောက်တိုဘာ   ၁၅


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချန်းဘော့မြို့တွင် ဆီထွက်သီးနှံ ဆီမုန်ညင်းစိုက်ပျိုးတောင်သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆီထွက်သီးနှံ ဆီမုန်ညင်း စိုက်ပျိုး ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉နာရီက မချမ်းဘော့မြို့ Community Centre)ခန်းမ၌ ကျင်းပသည်။


အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်က အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က ဆီထွက်သီးနှံ ဆီမုန်ညင်း စိုက်ပျိုးရသည့် အချိန်ကာလ၊ ဆီထွက်သီးနှံ ဆီမုန်ညင်း အမျိုးအစားများနှင့် သီနှံရရှိရန်အတွက် စောင့်ဆိုင်းရမည့် အချိန်ကာလ၊ တောင်ပေါ် ဒေသတွင် စိုက်ပျိုးရန် သင့်တော်သော ဆီမုန်ညင်းအမျိုးအစားများနှင့် စိုက်ပျိုးနည်းစနစ်များ၊ ဆီမုန်ညင်းစိုက်ပျိုးချိန်တွင် ဖြစ်ပေါ်တတ်သော သီးနှံဖျက်ပိုးနှင့် ရောဂါအန္တရာယ်ကာကွယ်နည်းလမ်းများ၊ သီးနှံအထွက်တိုး ရရှိရန်အတွက် မြေသြဇာသုံးစွဲနည်းများနှင့် မျိုးကောင်းမျိုးသန့် ရရှိရန်နည်းလမ်းများနှင့် စိုက်ပျိုးနည်း စနစ်အလေ့အကျင့် ကောင်းများဖြစ်သည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ဘောင်တန်းအစေ့ချ စိုက်ပျိုးနည်းစနစ်များ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ယောရွှေနီ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)