MNP ၊ အောက်တိုဘာ ၂၆
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန နှင့် အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု တို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဉာဏ်လင်းကိုကို က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် မော်တော် ဆိုင်ကယ်စီးနင်းသူများလိုက်နာရန်စည်းကမ်းများကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်မင်းထက်အောင်က သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည် စည်းကမ်းချက်များကို Power Point များဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြရာသံတွဲမြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမ( ၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment