FATA ၏ သတ်မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများစိုးရိမ်မှုလွန်ကဲခြင်း မထားရှိရန်၊ ယင်းသို့ထည့်သွင်းခံရမှုကို အကြောင်းပြု၍ ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

FATA ၏ သတ်မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများစိုးရိမ်မှုလွန်ကဲခြင်း မထားရှိရန်၊ ယင်းသို့ထည့်သွင်းခံရမှုကို အကြောင်းပြု၍ ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ် ထုတ်ပြန်




FATF ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များ ထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  FATA ၏ သတ်မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများစိုးရိမ်မှုလွန်ကဲခြင်း မထားရှိရန်၊ ယင်းသို့ထည့်သွင်းခံရမှုကို အကြောင်းပြု၍ ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ် ထုတ်ပြန်ပြောဆိုထားသည်။


အချက် (၆)ချက်ပါ ဗဟိုဘဏ်၏ ထုတ်ပြန်ချက် မှာ -

၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ (Financial Action Task Force-FATF) ၏ မျက်နှာစုံညီအစည်းအဝေးကို  ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်တိုတွင် FATF  ရုံးစိုက်ရာပြင်သစ်နိုင်ငံ၊ပဲရစ်မြို၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို မြန်မာကိုယ်စားလှယ် အဖွဲပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ၊ ကမ္ဘာလုံးဆိုင်ရာကွန်ရက်အဖွဲဝင် ၁၀၆ ဦးနှင့် လေ့လာသူအဖွဲအစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ INTERPOL နှင့် Egmont Group of Financial Intelligence Units တိုမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို FATF ဥက္ကဋ္ဌ T. Raja Kumar က ထုတ်ပြန်ခဲ့သည်။


၂။ မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under increased monitoring) မှ   စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ် မြင့်မားမှုရှိသောနိုင်ငံနှင့် ဒေသများစာရင်း(High-Risk Jurisdictions subject to a Call for Action)သို ပြောင်းရွှေ့ထည့်သွင်းခြင်းခံရသော်လည်း လက်ရှိ Black List တွင် ရှိပြီးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတိုကဲ့သို  FATF မှ အဖွဲဝင်နိုင်ငံများနှင့် အခြားနိုင်ငံများမှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်း (Jurisdictions subject to a FATF call on its members and other jurisdictions to apply countermeasures) သိုထည့်သွင်း၍ တန်းတူအရေးယူဆောင်ရွက်ခြင်းခံရမည့်အဆင့်မျိုး မဟုတ်ပါ ကြောင်းအသိပေးအပ်ပါသည်။ 


၃။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသအားလုံးသည် FATF မှ ထုတ်ပြန်သည့် အကြံပြုချက် ၄၀(40 Recommendations) ကို လိုက်နာဆောင်ရွက်ကြရပါသည်။ ယင်းအကြံပြုချက် (၄၀)တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နှင့် လူအများအပြား သေကျေစေနိုင်သော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ် ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စသည် တို့နှင့် သက်ဆိုင်သည့် လိုက်နာဆောင်ရွက်ရန်အချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံသည် FATF တွင် အဖွဲဝင် နိုင်ငံမဟုတ်သော်လည်း FATF ပုံစံဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့တစ်ခု ဖြစ်သည့် အာရှပစိဖိတ် ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ (Asia Pacific Group on Money Laundering-APG) တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပါသည်။   


၄။ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်လျက်ရှိရာ မူလ အကဲဖြတ်စဉ်က အကြံပြုချက် (၄၀) တွင် စံနှုန်းသတ်မှတ်ချက် အချက် (၂၀) ကျော်အား သတ်မှတ် ကာလအတွင်း ပြည့်မီမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် စံနှုန်းသတ်မှတ်ချက် (၂၄) ချက်ပြည့်မီ မှုရှိပြီးဖြစ်ပါသည်။ 


၅။ မြန်မာနိုင်ငံသည် ယခင်ကလည်း အလားတူစာရင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိရောက်ရှိခဲ့ပြီးပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ခဲ့သည့် ယခင်အတွေ့အကြုံ များအရ ယင်းစာရင်းမှ အလျင်အမြန်ပြန်လည်လွတ်မြောက်စေရန် စီမံဆောင်ရွက်လျက်ရှိရာ လာမည့် တစ်နှစ်အတွင်း ဆောင်ရွက်မည့် Action Plan များ ချမှတ်ရေးဆွဲ ပြီးဖြစ်ပါသည်။ 


၆။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနှင့် ငွေကြေးလွှပြောင်းမှု ပြုလုပ်ရာတွင် ပြည်ပအဆက်အသွယ် ဘဏ်များကအလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း (Enhance Due Diligence-EDD) ကိုသာ ကြုံတွေ့ကြရမည်ဖြစ်ရာ သက်ဆိုင်ရာဘဏ်များအနေဖြင့် လက်ရှိဆောင်ရွက်နေကျ မေးခွန်းများ မေးမြန်းခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အထောက်အထားအချက်အလက်များ တောင်းခံခြင်း စသည်ဖြင့် ယခင်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအား စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန်တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများစာရင်းတွင်ထည့် သွင်းခံရခြင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများ စိုးရိမ်မှုလွန်ကဲခြင်းများထားရှိရန်မလိုအပ်ဘဲ ယင်းသိုထည့်သွင်းခံရမှုကိုအကြောင်းပြု၍ ငွေကြေးဈေး ကွက်အတွင်း မသမာမှုများ မပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသည့် ဆောင်ရွက်မှုများတွေ့ရှိရပါက လိုအပ်သလို အရေးယူဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)