FATF က ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြည်တွင်း စက်သုံးဆီဈေးနှုန်း ထပ်မံ ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

FATF က ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြည်တွင်း စက်သုံးဆီဈေးနှုန်း ထပ်မံ ကျဆင်းလာ


MNP ၊ အောက်တိုဘာ ၂၇

FATF က မြန်မာနိုင်ငံအား Black List သွင်းသည်ဟူသော ပြည်ဖျက်မီဒီယာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ပြီးနောက် ဝိသမလောဘသားများက စက်သုံးဆီပြတ်လပ်မှုဖြစ်မည်၊ ဒေါ်လာဈေးအဆမတန် မြင့်တက်မည်ဟူသော သတင်းမှားများ ဖြန့်ဝေခြင်းကြောင့် ပြည်သူများကြားတွင် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်ဖျက်မီဒီယာများနှင့် ဝိသမလောဘသားများ၏ မမှန်သတင်း လုပ်ကြံဖန်တီး ဖြန့်ဝေမှုအပေါ် တာဝန်ရှိသူများက ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိကြောင်း ရှင်းလင်းပြောဆိုမှုများ လုပ်ဆောင်ခဲ့ရသည်။

ယနေ့ ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများထုတ်ပြန်ချက်အရ ပြည်တွင်းစက်သုံးဆီ လက်ကားဈေးကွက်တွင် 92RON - ၁၈၂၆ ကျပ်၊ ၁၉၁၅ ကျပ် နှုန်းဖြင့် ဖြန့်ဝေပေးလျှက် ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မမှန်သတင်း ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ဗဟိုဘဏ် က အလားတူ ဖြစ်စဉ်မျိုး ၂၀၁၁ ခုနှစ်ကလည်း FATF က မြန်မာနိုင်ငံအပေါ် လုပ်ဆောင်ခဲ့ဖူးကြောင်း၊ FATF ၏ ဆောင်ရွက်ချက်အပေါ် ပြည်သူများအနေဖြင့် စိုးရိမ်မှု လွန်ကဲခြင်း မဖြစ်ရန် ထုတ်ပြန်ပြောဆိုခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)