KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်



MNP ၊ အောက်တိုဘာ ၂၁

KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများ အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သတင်းမှန် ပြန်ကြားရေးက အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု (Counter-terrorism Action) ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ဖြစ်စဉ်မှာ KKO ခွဲထွက်အဖွဲ့ နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ မြောက်ဘက်မှ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများ အတွင်း လက်နက်ငယ် များဖြင့် ပစ်ခတ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ အရပ်သားပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းများကြောင့် ပြည်သူအချို့နှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ် စောင့်ရှောက်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် နေထိုင်လျက်ရှိသော လူနေရပ်ကွက်များ အတွင်းနှင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာတာဝန် ထမ်းဆောင်နေသူများအား ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာ ကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများ အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)