အမ်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် Mask Campaignဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် Mask Campaignဆောင်ရွက်




MNP ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး  ဦးဆောင် ၍ အခြေခံစား သောက်ကုန်နှင့်ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချမှုနှင့်ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က လေယာဉ်ကွင်းရပ် ကွက် အင်းဝဘဏ်အနီးလမ်းဆုံ၌ပြုလုပ်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင်  ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အခြေခံစား သောက်ကုန်နှင့်ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ လာရောက်ဈေးဝယ်သည့် ပြည်သူများ၊ သွားလာ လှုပ်ရှားနေကြသည့်မော်တော် ယာဉ်များ၊ ဆိုင်ကယ်များမှ ခရီးသွား ပြည်သူများအား ကိုဗစ်- ၁၉မျိုးရိုး ဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ်BA-5 ကူး စက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာ  

ရေးဝန် ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါး စပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး  အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီးနှာခေါင်းစည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)