ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်အချက်များကို အတူတကွလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ယခုလို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်စေရန် တစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့အစည်းတစ်ခုတည်းနှင့် လုပ်ယူ၍မရဘဲ၊ ဆက်စပ်ဌာန အချင်းချင်း ပေါင်းစည်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့တွင် ကျင်းပခဲ့သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ်က MSME ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ငန်းအမျိုးအစား (၂၃)ခုရှိသော်လည်း ပြည်တွင်းရှိ ကုန်ကြမ်းများကိုအသုံးပြု၍ လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစား(၁၂)ခုကို ဦးစားပေးအနေဖြင့် ထုတ်လုပ်ဆောင်ရွက်ရန်နှင့် မွေးမြူရေးကဏ္ဍတွင်အဓိကစားသုံး သော(ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို) တိုးမြှင့်မွေးမြူရန်လိုအပ်ကြောင်း လမ်းညွန်မှာကြားခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင် အေဂျင်စီအဖွဲ့ဝင်ပါဌာနများအနေဖြင့် မိမိတို့ဌာနအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြစေလိုကြောင်း၊ တင်ပြချက်များမှ အားသာချက်များကို လက်တွေ့အကောင်အထည်ဖော်ပြီး အားနည်းချက်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ ရှမ်းပြည်သည် မြေဧရိယာကျယ်ဝန်းသည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အောင်မြင်ဖြစ်ထွန်းသကဲ့သို့ မွေးမြူရေးဇုန်များ ထပ်မံဖော်ထုတ်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်နယ်MSME Agency အနေဖြင့် ဒေသတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးစီုင်းသော်ဝင်းတို့က ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် များဖြစ်သည့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများမှ MSME လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ ဆွေးနွေးတင်ပြကြသည်။


ထို့နောက် ရှမ်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ၎င်း၏ညီနောင်အသင်း အဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီးတက်ရောက်လာကြသည့် တောင်ကြီး၊ တာချီလိတ်၊ လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးရာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာမှ ဆွေးနွေးတင်ပြ၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)