MNP ၊ အောက်တိုဘာ ၂၂
ယမန်နေ့က ပေါက်မြို့နယ် နဂါးပွက်ကျေးရွာမှ ဆိတ်ကျောင်းနေသည့် မောင်ရဲလင်းဌေး အား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။
အဆိုပါဒေသခံ က "ဆိတ်ကျောင်းနေတဲ့ လူငယ်တွေနဲ့ PDF အင်အား ၅၀ လောက်နဲ့ တွေ့တယ်ပေါ့ဗျာ။ PDF က မောင်းပြန်သေနတ်တွေ ပစ်ဖောက်ပြီး လာကြတော့ လူငယ်တွေက ပြေးကြတာပေါ့။ မောင်ရဲလင်းဌေး ကတော့ အဖမ်းခံ လိုက်ရတယ်။ ဆိတ်တွေလည်း မောင်းသွားတယ်။ ယာထွန်နေတဲ့ နွားတစ်ရှဉ်းကိုလည်း ဖြုတ်မောင်းသွားတယ်။" ဟု ပြောသည်။
ယမန်နေ့က ပေါက်မြို့နယ် တရော်ကိုင်းကျေးရွာကို PDF အကြမ်းဖက်သမားများက မီးဝင်းရှို့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး ရွာသားများ ဇီးပြားရွာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။ ဇီးပြားရွာရှိ ရဲတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်သမားများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာသို့ ပစ်ကူပေးရန် တောင်းဆိုရာ ပစ်ကူးလာရောက်ခြင်း မရှိကြောင်း သိရသည်။ ဇီးပြားရွာသားများကိုလည်း PDF အကြမ်းဖက်သမားများက ဖမ်းဆီးထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment