ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


MNP ၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတား အား ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ နေရာသို့လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖက်ဝင်ကုန်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ၊ ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ အရှည် ၁၀၅ ပေ၊ အကျယ် ၁၄ ပေ သံကူကွန်ကရစ်အမျိုးအစား သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကိုတွေ့ရှိရပြီး တံတားအလယ်ပိုင်း ၄၂ ပေခန့် ပြိုကျပျက်စီးခဲ့သည်ကို  တွေ့ရှိရသည်။


အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှုခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)