ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင်ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင်ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်


MNP ၊ အောက်တိုဘာ ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆရာဝန်ကြီး(၅)ဦးတို့သည် ယနေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ဖိတ်ကြားလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များတက်ရောက်၍ အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှပညာရှင်များနှင့် အတွေ့အကြုံများဖလှယ်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း အဏုမြူရောင်ခြည် နည်းပညာဖြင့် ကင်ဆာရောဂါရှာဖွေကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် အထောက်အကူများစွာရရှိနိုင်ပြီး နိုင်ငံတကာမှ အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)