ဂွမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး(Talk Show) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး(Talk Show) ပြုလုပ်



MNP ၊  အောက်တိုဘာ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ရေး အသိ ပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာဂွမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေး Talk Show ပြုလုပ်ရသည့်ရည် ရွယ်ချက်ကို ပြောကြားပြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ဂွမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးရှိန်းဇော်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များကို လည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအရ ကလေးသူငယ်များကို အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်၍ ခေါင်းပုံဖြတ်ခြင်း၊ အဆိုးဝါးဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို လည်းကောင်း၊  ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများတွင် ပါရှိသည့် ပြစ်မှု  ပြစ်ဒဏ်များ အကြောင်းကို လည်းကောင်း အသိပညာ‌ပေး ဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)