ပုဏ္ဏားကျွန်းမြို့၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ဆောင်ရွက်



ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁၉

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “စားသုံးသူအကာအကွယ်ပေးရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် စားသုံးသူများအတွက် အကာအကွယ်ပေးရေး  ဥပဒေပြဌာန်းချက်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထိုနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးက စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းပြီး၊ ထုတ်လုပ်မှုကုန်စည် အမျိုးအစားအလိုက် ဉပဒေပြဌာန်းချက်၊ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းတာဝန်(၁၄) ရပ်တို့ဖြင့် စားသုံးသူမိဘပြည်သူများအတွက် ကာကွယ်ပေးရေး ဉပဒေ၊ နည်းဉပဒေများကို ချပြဆွေးနွေးခဲ့ပြီး၊ ပြည်သူများ၏ နစ်နာဆုံးရှုံးမှုတို့ကို တိုင်ကြားလိုပါက  မိမိတို့ဌာန၏ email,Viber များသို့ ဆက်သွယ်၍ အသိပေးတိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲ၊ ဆွေနွေးပွဲတို့ကို We Love Ponnagyun Page မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)