အင်္ဂပူမြို့၌ Bakery နှင့် Snake အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်္ဂပူမြို့၌ Bakery နှင့် Snake အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲပြုလုပ်



MNP - နိုဝင်ဘာ  ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်‌ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Bakery နှင့် Snake အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အမှတ်စဉ် (၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ‌ ခရိုင်ဦးစီးမှူး‌ ဒေါ်လဲ့လဲ့ဝင်းမှ သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက  နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများ တက်ရောက်ခဲ့‌ကြောင်းနှင့် သင်တန်းကာလ တစ်လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦး တက်ရောက်မည်ဖြစ်၍ သင်တန်းတွင် ပေါက်ပေါက်ပွင့်၊ ဂျေဒိုးနပ်စသော မုန့်လုပ်နည်းများ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)