ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

 


MNP - နိုဝင်ဘာ   ၁၆


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး တာဝန်ရှိသူများက   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ကုန် ထုတ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၄၅.၂၃ သန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကြီးကြပ်ပြီး ထွန်းငွေခိုင်ကုမ္ပဏီမှ တာဝန်ယူပြီး ဝမ်းတွင်းမြို့နယ် ခါးတက္ကန်ကျေးရွာ၏ မြောက်ဘက်ကွင်းအမှတ် ၁၂၃၉ သို့ သွားသော  ကျေးလက် ကုန်ထုတ်လမ်း အရှည်  ၁ မိုင် ၇ဖာလုံ၊ အကျယ် ၁၂ပေ ၊ ထု ၉လက်မရှိ ဂျင်း+မြေသား ခင်းခြင်းလုပ်ငန်းနှင့်  အရှည် ၁၈ပေ၊ အကျယ်  ၅ပေ ၃လက်မ၊ အမြင့် ၅ပေ ၉လက်မရှိ Slab Culvert (၈)စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဇူလိုင် ၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။  ၎င်းလုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ယမန့်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ခါးတက္ကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၃) ရွာတို့ရှိ အိမ်ခြေ ၆၆၂ အိမ် လူဦးရေ ၃၄၁၉ ဦးနှင့် ၎င်းတို့၏ စိုက်ပျိုးဧက   ၇၀၂ ဧကတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ  သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)