မိုင်းပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ “နမ့်ခုံး”ရှမ်းများပရဟိတအခမဲ့ဆေးခန်းတွင် အလှူဒါနပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ “နမ့်ခုံး”ရှမ်းများပရဟိတအခမဲ့ဆေးခန်းတွင် အလှူဒါနပြု



MNP - နိုဝင်ဘာ   ၁၃                                                  


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မွေတော်ပရိယတ္တိစာသင်တိုက်၊ မြို့ဦးဓမ္မာရုံတွင် ဖွင့်လှစ်လျက်ရှိသော “နမ့်ခုံး”ရှမ်းများပရဟိတ အခမဲ့ဆေးခန်း၌ ယနေ့နံနက် (၉)နာရီအချိန် က သွားရောက်အလှူဒါနပြုခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်(၃၈၅)၊ အ‌မြောက်တပ်ရင်းမှ တပ်နယ်မှူး၏ဇနီး  ဒေါ်စုစုမာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီဇာလှိုင်နှင့် အသင်းအဖွဲ့ဝင်များက မွေတော်ပရိယတ္တိစာသင်တိုက်ဆရာတော်ထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး နမောဿတ(၃) ကြိမ်  ရွတ်ဆိုကန်တော့ခဲ့ပါသည်။


ဆက်လက်၍ လင်းခေးခရိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကြပ်ကော်မတီ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မဉ္ဇူမှ လှူဒါန်းထားခဲ့သော အလှူငွေများကို မိုင်းပန်မြို့နယ် အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များက “နမ့်ခုံး”ရှမ်းများပရဟိတအခမဲ့ဆေးခန်းတွင် ဆေးလာရောက်ကုသမှု ခံယူသော သက်ကြီးရွယ်အိုဘိုးဘွားများအား လှူဒါန်းပေးခဲ့ပြီး ဘိုးဘွားများအား အာဟာရပြည့်ဝသော နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးအလှူပြု ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)