MNP ၊ နိုဝင်ဘာ ၁၁
ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာ ရေးဌာန တို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး၊(၁၀၂)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် အခြေခံပညာမူလတန်း (ကဒါဈေး)ကျောင်း၌ မြို့နယ်ရုံး ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့နယ် အ.မ.က(ကဒါဈေး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်း မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိခင် က စာဖတ်ခြင်း၏ အကျိုးကျေးဇူးရရှိလာပုံနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီးဆုရရှိသူများအား တာဝန်ရှိသူများကဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ်ကလေးစာအုပ်များကို မိမိ စိတ်ကြိုက် လေ့လာရွေးချယ်ဖတ်ရှူ့စေပြီး မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မီးဘေး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ဝင်တစား လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment