Pages

Pages

လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - နိုင်ဝင်ဘာ  ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍  ယနေ့နံနက် ၉ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးထက်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုတွင် ပါဝင်သောပစ္စည်းများအားပြသကြည့်ရှု၍ သင်တန်းကို  နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခဲ့သူဦးရေ ၁၅ ဦးရှိကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment