Pages

Pages

မိတ္ထီလာမြို့နယ် သရက်ပင် (အရှေ့) ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်း လုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး



MNP - နိုဝင်ဘာ  ၁၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ  ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာမြို့နယ် သရက်ပင်ကျေးရွာအုပ်စု သရက်ပင် (အရှေ့) ကျေးရွာရှိ ဒေသခံများ သွားလာရ အဆင်ပြေစေရေးအတွက်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ Cash For Work  စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် အရှည်ပေ ၂၄၅၀ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကျေးရွာတွင်း လမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို သြဂုတ်လ  ၆ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများက စုပေါင်း၍ ဆောင်ရွက် လျက်ရှိရာ အဆိုပါ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးပြီး ဖြစ်၍ အိမ်ခြေ ၁၁၆ အိမ် ၊ လူဦးရေ ၇၆၇ ဦးရှိသည့် သရက်ပင်(အရှေ့)ကျေးရွာမှ ဒေသခံပြည်သူများ  ရာသီမရွေး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work  စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေးလက်ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Cash For Work  စီမံကိန်းကို အကောင်အဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment