တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု့အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု့အားပေး

 



MNP - နိုဝင်ဘာ ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခွန်ဇော် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည်၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ယမန်နေ့ နနက်  (၁၀)   နာရီတွင်   ငပုတောမြို့သို့ ရောက်ရှိခဲ့ပြီး ငပုတောမြို့  ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာဆောင်တွင်  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ  အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှုးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၁ ဦး၊ ခွဲစိတ်ရောဂါ ၃၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၁၄ ဦး၊ အရိုးရောဂါ ၇၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၉၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၉ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေမှုနှင့် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၂ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေမှုကိုလည်ကောင်း ဓာတ်မှန်ရိုက်လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးနေမှုအားကြည့်ရှု့စစ်ဆေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား  ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)