ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ  ၁၃


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာရေးရည်ရွယ်၍ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကော့ကရိတ်မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး က ပညာရေးကဏ္ဍတိုးတက်ရေးအတွက်  ကျောင်းအုပ် ဆရာ/မကြီးများ ဆရာမိဘကျောင်းသားများ ပူးပေါင်းပါဝင်အောင် ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ကြရေးနှင့် ဌာနအနေဖြင့် ပူးပေါင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေ က တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ သင်ကြားရေးအပိုင်းတွင်လည်း ပြောင်းလဲနေမှုအပေါ်  ဆရာ၊ဆရာမတို့အနေဖြင့် ကော့ကရိတ်မြို့နယ်ပညာရေး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရေး လမ်းညွှန်အမှာစကား ပြောကြားသည်။


အဆိုပါသင်တန်းကို ကော့ကရိတ်ခရိုင် ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုမေတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်း၊ မူလတန်းခွဲကျောင်းများရှိ ကျောင်းအုပ် ဆရာ၊ဆရာမကြီး (၂၉၉)ဦး၊ တက်ရောက်ကြပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ (၁)ရက်တာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)