စမ်းချောင်းမြို့နယ် သမိုင်းဝင်အတုလာဓိပတိမဟာမုနိသကျ ကိုးထပ်ကြီးဘုရားတွင် (၃၂)ကြိမ်မြောက် ဘုရားအလင်းတိုင် (၉၉၉၉၉)တိုင် ကပ်လှူပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စမ်းချောင်းမြို့နယ် သမိုင်းဝင်အတုလာဓိပတိမဟာမုနိသကျ ကိုးထပ်ကြီးဘုရားတွင် (၃၂)ကြိမ်မြောက် ဘုရားအလင်းတိုင် (၉၉၉၉၉)တိုင် ကပ်လှူပူဇော်ပွဲကျင်းပ




MNP - နိုဝင်ဘာ   ၈


တန်‌ဆောင်မုန်းလပြည့်‌နေ့သည် ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ  မြန်မာပြည်အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြားလျက်ရှိရာ စမ်းချောင်းမြို့နယ်ရှိ သမိုင်းဝင်အတုလာဓိပတိမဟာမုနိသကျ ကိုးထပ်ကြီးဘုရား၌ (၃၂)ကြိမ်မြောက်ဘုရားအလင်းတိုင်(၉၉၉၉၉)တိုင် ကပ်လှူပူဇော်ပွဲကျင်းပရာ ဘုရားဖူးလာသူ ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ကြည်ညိုလျက် ကုသိုလ်ကောင်းမှုပြုကြကြောင်း သိရသည်။


တန်‌ဆောင်မုန်းလပြည့်‌နေ့ ယ‌နေ့နံနက်ပိုင်းမှစတင်၍ သမိုင်းဝင်အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးတွင် ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကားခဲ့ပြီး ညပိုင်းတွင်လည်း ဝတ်ရွတ်ဖတ်ပူဇော်သူများ၊ ဆီမီးပူဇော်သူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် ကုသိုလ်ဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)