ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာတွင် (ဝ.၁၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာတွင် (ဝ.၁၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၁၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံက်ပိုင်းက ပဲကြီးကျေးရွာအုပ်စု၊ ပဲကြီးကျေးရွာ ကွင်းအမှတ်(၂၁၀)မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးကျော်မိုး၏ လယ်ယာမြေ(၃.၀၀) ဧကတွင် ကျင်းပခဲ့သည်။


အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီ၊ ဗိုလ်ကြီးမျိုးကိုကိုသန့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးလင်းလင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ဒေသခံတောင်သူများက စပါးရိတ်ခြွေစက်ဖြင့် မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုများနှင့် မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုကြသည်။


ထိုသို့မိုးစပါးစံပြကွက် ဧရာမင်းစပါးမျိုး(၃.၀၀)ဧက၌(ဝ.၁၀)ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အခြောက်တင်းမှာ အထွက်နှုန်း ၉၅ ဒဿမ ၁၁ ထွက်ရှိပါကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)