MNP ၊ နိုဝင်ဘာ ၁၈
မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး ၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုဝင်ဘာ(၁၈)ရက် မွန်းလွဲ ၁ နာရီကပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုး သူများ အသင်း (Book Club )တို့ ပူးပေါင်း၍ စာရေးဆရာ ပါမောက္ခဒေါက်တာအောင်ထွန်းသက် ရေးသားသည့် “အနာဂတ်ကိုမိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်"စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ဉီးစီးအရာရှိဒေါ်သန်းသန်း မော် က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (Book Club ) အဖွဲ့ဝင် ဦးတင်ထွေး၊ ဦးလှထွန်း ၊ဦးအောင်မျိုးဟန်တို့က စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေး ကြပြီး တက်ရောက် လာကြ သည့် ကျောင်း သား၊ကျောင်းသူများက ဆွေးနွေးချက်များကို မေးမြန်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကိုဆောင် ရွက်ပေးခြင်းဖြင့် လူငယ် ၊လူရွယ် များ ၊ကျောင်းသား၊ကျောင်းသူများစာဖတ် သည့်အလေ့အကျင့် အားကောင်းလာစေရန် ၊စာပေမှ ရရှိသည့် အသိပညာဖြင့်သူတစ်ပါး အား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
ပြည့်ဖြိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment