(၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ


MNP ၊ နိုဝင်ဘာ  ၄

၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ ယနေ့ညနေပိုင်း၌ ပြင်ဦးလွင်မြို့၊ ဓမ္မရတီ ကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး(ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။


ရှေးဦးစွာ  ကျောင်းသား/ကျောင်းသူလေးများက ‘‘ ပြင်ဦးလွင်မီးပုံးပျံပွဲတော်’’ သီချင်းဖြင့် ဖျော်ဖြေ ကပြတင်ဆက်ပါသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ်အလုံး(၁၀၀၀)လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ ဖွင့်ပွဲအထိန်းအမှတ် စိန်နားပန်မီးပုံးပျံအား လွှတ်တင်ခြင်းတို့ဆောင်ရွက်ခဲ့သည်။


အဆိုပါ (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၄)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဘုရားရင်ပြင်တော်တွင် မသိုးသင်္ကန်း ရက္ကန်းခတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက်(၅)နာရီ အချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားအား မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်း၌ ဘုရား ရင်ပြင်တော်တွင် ဆီမီး (၉) ထောင် ထွန်းညှိပူဇော်ခြင်း၊ ည(၇)နာရီမှစ၍ စိန်နားပန် မီးပုံးပျံများ၊ ညမီးကျည် မီးပုံးပျံများ လွှတ်တင်ခြင်း၊ နေ့လည်(၁)နာရီမျစ၍ နေ့အရုပ်လှမီပုံးပျံများ လွှတ်တင်ခြင်းများ ထည့်သွင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ(၅)ရက်နေ့ မှစတင်ကာ နေ့စဉ်နံနက်(၈)နာရီမှညနေ (၆)နာရီထိ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများကို မီးပုံးပျံကွင်းအတွင်း ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ဆုရရှိသည့်အသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်သည်။


ထို့အပြင် ပွဲတော်လာပြည်သူများကို မန္တလေးမြို့ကျက်သရေဆောင် မြို့မတူရိယာအဖွဲ့နှင့် ကျောက်ဆည်မြို့၏ ဆင်ကအဖွဲ့များက ဧည့်ခံဖျော်ဖြေမည်ဖြစ်ပြီး အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက်လည်း စားစရာအစုံအလင်နှင့် လူသုံးကုန်ပစ္စည်း မျိုးစုံပါသည့် ဆိုင်ခန်းများ၊ ကုမ္ပဏီအရောင်းပြခန်းများကိုပါ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)