Pages

Pages

ရမ်းဗြဲမြို့၌ အထွေထွေအုပ်ချုပ်ရေးစီးဌာန၏ ၃၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ









MNP ၊  နိုဝင်ဘာ  ၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂  ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  ၃၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင်ကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အဖွင့်အမှာစကားကြားသည်။ 

ဆက်လက်ပြီး အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသော သား/သမီး (၃)ဦးအားဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခြင်း၊ အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများချီးမြှင့်ပေးခြင်း၊ ဝန်ထမ်းများအားအမှတ်တရ အင်္ကျီများပေးအပ်ခြင်းများနှင့်အတူ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့သော ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသည်အသင်များကို ပထမဆု၊ ဒုတိယဆုများချီးမြှင့်ပေးများနှင့်အတူ တန်ထမ်းများမှ တူညီဝတ်စုံများဝတ်ဆင်ပြီး တန့်ရှင်ပင်ဘုရားရင်ပြင်ပေါ်တွင် ကုသိုလ်ဖြစ် သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းများအားကံစမ်းမဲဖောက်၍ အမှတ်တရပစ္စည်းများပေးအပ်ခြင်းများကို ပြုလုပ်ပေး၍ ပျော်ရွှင်ကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့်အတူ ဝန်ထမ်း(၈၉)ဦးနှင့်အငြိမ်းစားဝန်ထမ်း (၁၉)ဦး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment